မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက် ညနေပိုင်း ထုတ်ပြန်ချက်အရ မနက်ဖြန်နံနက်အထိ ကယားနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်းနှင့် တနင်္သာရီတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာသွန်းမည်ဖြစ်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူးအပါအဝင် တိုင်းနှင့် ပြည်နယ်အများအပြားတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး ၎င်းရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုရန်နှင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိကာ လှိုင်းအမြင့် ၆ ပေမှ ၈ ပေခန့်အထိ ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတစ်ဝန်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအချို့တွင် မိုးကြီးနိုင်ကာ မိုးတိမ်တောင်အန္တရာယ် သတိပြုရန် မိုးဇလသတိပေး
Jun 20 • 11:27 AM
Myanmar
Local
Share
| 24 | 0 | 0 | 0 |


