မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ရတနာပုံအမျိုးသမီးအသင်းသည် ယခင်ခေါ်ယူထားသည့် ဖိလစ်ပိုင်တိုက်စစ်မှူး မာရီယာ၏နောက်တွင် အတွေ့အကြုံရင့် ဖိလစ်ပိုင်အလယ်တန်းလူ ပေါ်လင်ဆန် (၂၆ နှစ်) နှင့် နောက်တန်းကစားသမား ဘီယန်ကာ (၂۲ နှစ်) တို့နှစ်ဦးကို ထပ်မံခေါ်ယူအားဖြည့်လိုက်ကြောင်း သိရသည်။ အဆိုပါကစားသမားများသည် အာရှအမျိုးသမီးချန်ပီယံလိဂ်နှင့် လူငယ်လက်ရွေးစင်ပြိုင်ပွဲများတွင် ပါဝင်ကစားဖူးသည့် အတွေ့အကြုံရှိသူများဖြစ်ကြပြီး၊ ရတနာပုံအသင်းသည် ယခုရာသီအတွက် ဖိလစ်ပိုင်ကစားသမား ၃ ဦးအထိ ခေါ်ယူထားပြီးဖြစ်ကာ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကိုလည်း အသင်းခေါင်းဆောင်အဖြစ် ခေါ်ယူထားသည်။ လက်ရှိတွင် ရတနာပုံအသင်းနည်းတူ ဧရာဝတီနှင့် ဇွဲကပင်ယူနိုက်တက် အမျိုးသမီးအသင်းများကလည်း လာမည့်ရာသီအတွက် နိုင်ငံခြားသားကစားသမားများကို အပြိုင်အဆိုင် ခေါ်ယူအားဖြည့်လျက်ရှိကြောင်း သိရသည်။
ရတနာပုံအမျိုးသမီးအသင်းက ဖိလစ်ပိုင်တိုက်စစ်မှူး မာရီယာအပြင် နောက်ထပ် ဖိလစ်ပိုင်ကစားသမားနှစ်ဦးဖြစ်သည့် ပေါ်လင်ဆန်နှင့် ဘီယန်ကာတို့ကို ထပ်မံခေါ်ယူ
Jun 20 • 12:12 PM
Myanmar
Local
Share
| 17 | 0 | 0 | 0 |


