ချင်းပြည်နယ်၊ ဖလမ်းမြို့စည်ပင်သာယာဈေး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဇွန်လ ၂၀ ရက် နံနက်ပိုင်းက ဈေးအတွင်းဆိုင်ခန်းများ ပြုပြင်ခြင်း၊ အမှိုက်လှည်းခြင်းနှင့် ဈေးအဆောက်အအုံပတ်လည်ရှိ ပေါင်းမြက်အမှိုက်သရိုက်များကို ရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။ မြို့အတွင်း တည်ငြိမ်အေးချမ်းသွားပြီဖြစ်သဖြင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်လာကြပြီး အုပ်ချုပ်ရေးယန္တရားများလည်း ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့စည်ပင်သာယာဈေး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Jun 20 • 10:20 AM
Myanmar
Chin
Share
| 7 | 0 | 0 | 0 |


