back

၈၈၈၈ ဆရာတော်နှင့် တပည့်များက ညောင်ရွှေအကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် ကလေးငယ်များအတွက် ငွေကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ဆေးဝါးနှင့် အာဟာရများ လှူဒါန်း

Jun 20 • 10:18 AM

breaking-news

Myanmar

Shan

cover

၈၈၈၈ ဆရာတော်နှင့် တပည့်များက ညောင်ရွှေအကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် ကလေးငယ်များအတွက် ငွေကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ဆေးဝါးနှင့် အာဟာရများ လှူဒါန်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အောင်မြေဘုံစံကျောင်းတိုက်မှ ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒ နှင့် တပည့်များသည် ဇွန်လ ၂၀ ရက်က ညောင်ရွှေအကျဉ်းထောင်ရှိ အကျဉ်းသူ/သားမျာ...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အောင်မြေဘုံစံကျောင်းတိုက်မှ ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒ နှင့် တပည့်များသည် ဇွန်လ ၂၀ ရက်က ညောင်ရွှေအကျဉ်းထောင်ရှိ အကျဉ်းသူ/သားများအတွက် ငွေကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ဆေးဝါးမျိုးစုံ၊ အသင့်စားအကြော်စုံ၊ မုန့်မျိုးစုံနှင့် ပေါ်ဆန်းမွှေးဆန်အိတ်များကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထိုသို့လှူဒါန်းရာတွင် အကျဉ်းထောင်အတွင်းရှိ အပြစ်ကင်းစင်သော ကလေးငယ် ၂၀ ခန့်အတွက် မုန့်နှင့် ငွေကြေးများ ထောက်ပံ့ခဲ့သည့်အပြင်၊ ကိုယ်ဝန်ဆောင် အကျဉ်းသူများအတွက်လည်း ထောင်ဆရာဝန်၏ အတည်ပြုချက်ဖြင့် ၃ လစာ အာဟာရဖြည့်စွက် စားဆေး၊ ထိုးဆေးများကို ပေးအပ်ခဲ့ပြီး၊ အကူအညီမဲ့နေသည့် အကျဉ်းသားများအား လူသားချင်းစာနာမှုဖြင့် စိတ်ခွန်အားဖြစ်စေရန် ရည်ရွယ်၍ မဟာဒါနကုသိုလ်အဖြစ် လှူဒါန်းခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။

news-view-count-icon

8