back

ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိထားသည့် ကိုဗင်ထရီအသင်းက နည်းပြလမ်းပတ်အား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးလျက်ရှိ

Jun 20 • 10:21 AM

breaking-news

Myanmar

International

cover

ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိထားသည့် ကိုဗင်ထရီအသင်းက နည်းပြလမ်းပတ်အား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးလျက်ရှိ

ပြီးခဲ့သည့်ရာသီက ချန်ပီယံရှစ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ပြီး လာမည့်ရာသီ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိထားသော ကိုဗင်ထရီအသင်းသည် ၎င်းတို့အသင်းအား အကောင်းဆုံးဦ...

ပြီးခဲ့သည့်ရာသီက ချန်ပီယံရှစ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ပြီး လာမည့်ရာသီ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိထားသော ကိုဗင်ထရီအသင်းသည် ၎င်းတို့အသင်းအား အကောင်းဆုံးဦးဆောင်ပေးခဲ့သည့် နည်းပြ ဖရန့်လမ်းပတ်ကို ဖူလ်ဟမ်အပါအဝင် အခြားကလပ်အသင်းများက စိတ်ဝင်စားလာသဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုများ စတင်ပြုလုပ်နေကြောင်း သိရသည်။ အသက် ၄၇ နှစ်အရွယ် နည်းပြလမ်းပတ်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက အဆင့် ၁၇ နေရာ၌ ရှိနေသော ကိုဗင်ထရီအသင်းကို စတင်တာဝန်ယူခဲ့ပြီးနောက် ပြီးခဲ့သည့် ဧပြီလတွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်သေချာအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ကာ ၎င်း၏လက်ရှိစာချုပ်မှာ လာမည့်ရာသီအကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ လက်ရှိတွင် အသင်းနှင့် လမ်းပတ်တို့အကြား ဆွေးနွေးမှုများမှာ အပေါင်းလက္ခဏာဆောင်နေပြီး မကြာခင် အပြီးသတ်သဘောတူညီမှု ရရှိတော့မည်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။

news-view-count-icon

13