ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇွန်လ ၂၀ ရက် (ယနေ့) နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ရပ်ကွက်ပြည်သူများက ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများ ပြန်လည်တူးဖော်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကာ ယခုကဲ့သို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် အခြေခံပညာကျောင်းများတွင်လည်း အပတ်စဉ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jun 20 • 10:12 AM
Myanmar
Shan
Share
| 12 | 0 | 0 | 0 |


