အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလက ကာတာအစိုးရထံမှ မည်သည့်နှောင်ကြိုးမျှမပါဘဲ လက်ဆောင်အဖြစ် ရရှိခဲ့သည့် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်တန် ဘိုးရင်း ၇၈၇-၈ ဇိမ်ခံလေယာဉ်အား အမေရိကန်စစ်ဘက်မှ Air Force One သမ္မတလေယာဉ်အဖြစ် အဆင့်မြှင့်တင် ပြင်ဆင်မှုများ ပြုလုပ်ပြီးစီးခဲ့သဖြင့် ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါလေယာဉ်အား ပျံသန်းနေသော အိမ်ဖြူတော်အဖြစ် ပြောင်းလဲကာ လုံခြုံရေး၊ မစ်ရှင်ဆက်သွယ်ရေးနှင့် အဆင့်မြင့်နည်းပညာများကို တပ်ဆင်ထားပြီး၊ နောက်ဆုံးအဆင့် စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ပြီးပါက သမ္မတလေယာဉ်အဖြစ် စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း အမေရိကန်လေတပ်က ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ၁၉၉၀ ပြည့်နှစ်ကတည်းက သစ္စာရှိစွာ အသုံးပြုခဲ့သည့် သက်တမ်းရင့် သမ္မတစီးတော်ယာဉ် 747-200B တစ်စီးကိုလည်း ယခုအခါ တရားဝင် အနားပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ကာတာအစိုးရက လက်ဆောင်ပေးအပ်ထားသည့် ဘိုးရင်း ၇၈၇-၈ ဇိမ်ခံလေယာဉ်ကို Air Force One အဖြစ် ပြင်ဆင်ပြီးစီး၍ သမ္မတဒေါ်နယ်ထရန့် ထုတ်ဖော်ပြသ
Jun 20 • 10:10 AM
Myanmar
International
Share
| 9 | 0 | 0 | 0 |


