back

မွန်ပြည်နယ်လွှတ်တော်၌ လောင်းကစားဝိုင်းများ တားဆီးပိတ်ပင်ရေးအဆို အတည်ပြုခဲ့သော်လည်း ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ လိုင်းကြေးယူထားဟု ဒေသခံများ ဝေဖန်

Jun 20 • 10:09 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်လွှတ်တော်၌ လောင်းကစားဝိုင်းများ တားဆီးပိတ်ပင်ရေးအဆို အတည်ပြုခဲ့သော်လည်း ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ လိုင်းကြေးယူထားဟု ဒေသခံများ ဝေဖန်

မွန်ပြည်နယ်အတွင်း ရက်ရှည်လများ ပြုလုပ်နေသည့် လောင်းကစားဝိုင်းများ တားဆီးပိတ်ပင်ပေးရေးအဆိုကို ဇွန်လ ၁၉ ရက်က ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်...

မွန်ပြည်နယ်အတွင်း ရက်ရှည်လများ ပြုလုပ်နေသည့် လောင်းကစားဝိုင်းများ တားဆီးပိတ်ပင်ပေးရေးအဆိုကို ဇွန်လ ၁၉ ရက်က ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သော်လည်း၊ အဆိုပါအဆိုကို တင်သွင်းခဲ့သည့် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော် အပါအဝင် မြို့နယ်ကိုယ်စားလှယ်များသည် လောင်းကစားဝိုင်းများထံမှ လိုင်းကြေးများ ရယူထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ၎င်းအဆိုနှင့် ပတ်သက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက လောင်းကစားမှုများ တားဆီးအရေးယူရန် ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၌ လုံခြုံရေးအခြေအနေ ကောင်းမွန်လာပါက ပိုမိုထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။

news-view-count-icon

6