back

ကရင်ပြည်နယ်၌ ဆရာ၊ ဆရာလိုအပ်ချက်ဖြည့်ဆည်းရန် ၄၀၀ ကျော် ခန့်အပ်မည်

Jun 20 • 7:28 AM

breaking-news

Myanmar

Kayin

breaking-news
cover

ကရင်ပြည်နယ်၌ ဆရာ၊ ဆရာလိုအပ်ချက်ဖြည့်ဆည်းရန် ၄၀၀ ကျော် ခန့်အပ်မည်

ကရင်ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမ မလုံလောက်သည့်စာသင်ကျောင်းများ၌ ဆရာ၊ ဆရာမ ၄၀၀ကျော်ခန့်အပ်ရန် ရှိကြောင်း ကရင်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစသိန်းကျော်ထ...

ကရင်ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမ မလုံလောက်သည့်စာသင်ကျောင်းများ၌ ဆရာ၊ ဆရာမ ၄၀၀ကျော်ခန့်အပ်ရန် ရှိကြောင်း ကရင်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစသိန်းကျော်ထံမှ သိရသည်။အဆိုပါအစီအစဉ်အရ အလယ်တန်းပြနှင့် မူလတန်းပြ ဆရာ၊ ဆရာမ ၄၀၀ ကျော် ခန့်အပ်သွားမည်လည်း ဖြစ်သည်။(ဇွန် ၁၈) က ကျင်းပခဲ့သည့် ကရင်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ လှိုင်းဘွဲ့ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပိုင်ကျုံမြို့နယ်ခွဲ၊ ထန်းတပင်ကျေးရွာအုပ်စုက အ.မ.က မဲသပုံကျောင်း၌ မူလတန်းပြ ဆရာ၊ ဆရာမ မလုံလောက်ခြင်းကြောင့် တိုးမြှင့်ခန့်ထားပေးရန် ရှိ၊ မရှိ မေးခွန်း မေးမြန်းခဲ့သေးသည်။

ယခု ခန့်အပ်မည့် ဆရာ၊ ဆရာမများကို အဓိကလိုအပ်နေသည့် ကျောင်းများ၌ ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဟုလည်း သိရသည်။


news-view-count-icon

27