၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (D) ပွဲစဉ်အဖြစ် တူရကီအသင်းနှင့် ပါရာဂွေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပါရာဂွေးအသင်းက ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲအစ ၆၄ စက္ကန့်တွင် သွင်းယူခဲ့သည့် ပါရာဂွေးကစားသမား ဂါလာဇာ၏ သွင်းဂိုးသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အမြန်ဆုံးဂိုး ဖြစ်လာခဲ့သည်။ ပထမပိုင်းနာကျင်အချိန်ပိုတွင် ပါရာဂွေးအသင်းမှ အယ်လ်မီရွန် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသော်လည်း တူရကီအသင်းသည် တစ်ယောက်လျော့ပါရာဂွေးအသင်းကို အခွင့်အရေးမယူနိုင်ဘဲ ရှုံးနိမ့်ခဲ့ရကာ၊ ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့မှုနှင့်အတူ အုပ်စုအဆင့်မှပင် ပြိုင်ပွဲကို လက်လွှတ်ခွဲခွာခဲ့ရပြီဖြစ်ကြောင်း သိရသည်။
၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွင် ပါရာဂွေးက တူရကီကို ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရ၊ တူရကီအသင်း အုပ်စုအဆင့်မှ ထွက်ရပြီဖြစ်ကြောင်း သိရ
Jun 20 • 7:11 AM
Myanmar
International
Share
| 10 | 0 | 0 | 0 |


