ပဲခူးတိုင်းဒေသကြီးကို ဖြတ်သန်းပြေးဆွဲမည့် ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင် DEMU အထူးအမြန်ရထားများ မကြာမီပြေးဆွဲတော့မည်ဖြစ်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်ကာ ဇွန်လ ၁၇ ရက်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် ရထားများ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲနိုင်ရေးအတွက် ရထားလမ်းတစ်လျှောက် လွတ်ကင်းမှုမရှိသည့် သစ်ပင်၊ အဆောက်အအုံများ ဖယ်ရှားရှင်းလင်းရန်၊ တရားမဝင် လမ်းကူးများ ပိတ်သိမ်းရန်နှင့် မဖြစ်မနေအသုံးပြုရမည့် လမ်းကူးနေရာများတွင် ဂိတ်စောင့်နှင့် ဂိတ်တံခါးများ စနစ်တကျထားရှိရန် အပါအဝင် ဒေသခံများအား မီးရထားဆိုင်ရာဥပဒေများကို သိရှိလိုက်နာစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
Jun 20 • 7:08 AM
Myanmar
Local
Share
| 22 | 0 | 0 | 0 |


