မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းဆိုင်ရာ လုပ်ငန်းများတွင် မမှန်မကန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်မှ စတင်ကာ ယနေ့အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ပွဲစား စုစုပေါင်း ၁၇၉ ဦးကို ဥပဒေအရ အရေးယူထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။ ယင်းကို ဇွန်လ ၁၉ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများ၌ နိုင်ငံသားနံပါတ် ထပ်နေမှုများနှင့် ပတ်သက်သည့် မေးခွန်းကို ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မှတ်ပုံတင်ကိစ္စရပ်များတွင် မမှန်မကန်ဆောင်ရွက်မှုကြောင့် နိုင်ငံ့ဝန်ထမ်းနှင့် ပွဲစား ၁၇၉ ဦးကို ဥပဒေအရ အရေးယူထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Jun 20 • 7:08 AM
Myanmar
Local
Share
| 24 | 0 | 0 | 0 |


