back

၄ လအတွင်း မြန်မာ-ထိုင်း ကုန်သွယ်မှု ဘတ် ၆၀.၈ ဘီလီယံရှိပြီး ယခင်နှစ်ထက် ကျဆင်းခဲ့သော်လည်း နယ်စပ်ဂိတ်ပြန်ပွင့်၍ ပြန်လည်ဦးမော့လာရန် မျှော်လင့်

Jun 20 • 7:07 AM

breaking-news

Myanmar

International

cover

၄ လအတွင်း မြန်မာ-ထိုင်း ကုန်သွယ်မှု ဘတ် ၆၀.၈ ဘီလီယံရှိပြီး ယခင်နှစ်ထက် ကျဆင်းခဲ့သော်လည်း နယ်စပ်ဂိတ်ပြန်ပွင့်၍ ပြန်လည်ဦးမော့လာရန် မျှော်လင့်

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ဘတ် ၆၀.၈ ဘီလီယံခန့် ရှိခဲ့ပြီး၊ ယခင် ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါ...

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ဘတ် ၆၀.၈ ဘီလီယံခန့် ရှိခဲ့ပြီး၊ ယခင် ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၄.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန (DFT) ၏ စာရင်းများအရ သိရသည်။ အဆိုပါကာလအတွင်း မြန်မာမှ ထိုင်းသို့ တင်ပို့မှု ဘတ် ၂၂.၉ ဘီလီယံနှင့် ထိုင်းမှ မြန်မာသို့ တင်သွင်းမှု ဘတ် ၃၇.၉ ဘီလီယံ ရှိခဲ့သော်လည်း၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လက ပိတ်ထားခဲ့သော မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) ကို ယခုနှစ် မေလ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်၍ မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းလူသုံးကုန်၊ ဆောက်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်းများ ပြန်လည်တိုးမြှင့်တင်ပို့ကာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဦးမော့လာနိုင်ရန် အစိုးရအေဂျင်စီများက လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

12