back

ထိုင်းနိုင်ငံတွင် ပစ္စည်းချို့ယွင်းချက်ရှိပါက ရောင်းသူဘက်က တာဝန်ယူရမည့် Lemon Law ဥပဒေကြမ်းကို အတည်ပြု

Jun 20 • 7:06 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် ပစ္စည်းချို့ယွင်းချက်ရှိပါက ရောင်းသူဘက်က တာဝန်ယူရမည့် Lemon Law ဥပဒေကြမ်းကို အတည်ပြု

ထိုင်းနိုင်ငံအစိုးရအဖွဲ့သည် ဝယ်ယူသူများကို အကာအကွယ်ပေးရန်နှင့် အာမခံသက်တမ်းအတွင်း ကုန်ပစ္စည်းပျက်စီးပါက မူလကတည်းက ချို့ယွင်းချက်ရှိနေခြင်းမဟုတ်ကြောင်း ရောင်းချသ...

ထိုင်းနိုင်ငံအစိုးရအဖွဲ့သည် ဝယ်ယူသူများကို အကာအကွယ်ပေးရန်နှင့် အာမခံသက်တမ်းအတွင်း ကုန်ပစ္စည်းပျက်စီးပါက မူလကတည်းက ချို့ယွင်းချက်ရှိနေခြင်းမဟုတ်ကြောင်း ရောင်းချသူဘက်က သက်သေပြရမည့် Lemon Law ဥပဒေကြမ်းကို အတည်ပြုလိုက်သည်။ အဆိုပါဥပဒေအရ အထွေထွေစားသုံးကုန်ပစ္စည်းများတွင် ၆ လအတွင်း၊ မော်တော်ကားများတွင် ၁ နှစ်အတွင်း ချို့ယွင်းချက်တွေ့ပါက မူလကတည်းက ပျက်စီးနေသည်ဟု ယူဆမည်ဖြစ်ပြီး၊ ပြုပြင်ပေးခြင်း၊ အသစ်လဲပေးခြင်း၊ ဈေးလျှော့ပေးခြင်းနှင့် စာချုပ်ဖျက်သိမ်းခြင်းဟူသော နည်းလမ်း ၄ ခုဖြင့် ဖြေရှင်းပေးရမည်ဖြစ်သည်။ ထို့ပြင် ပြင်းထန်သောစနစ်ပိုင်းချို့ယွင်းချက်များအတွက် ရက်သတ္တပတ်အတွင်း ချက်ချင်းလဲလှယ်ခွင့်ရှိသော်လည်း၊ ယခုဥပဒေသည် တစ်ပတ်ရစ်ပစ္စည်းများ၊ တိရစ္ဆာန်များနှင့် တစ်ဦးချင်းအချင်းချင်း အရောင်းအဝယ်ပြုလုပ်ခြင်းများတွင်မူ အကျုံးဝင်မည်မဟုတ်ကြောင်း သိရသည်။

news-view-count-icon

10