ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းရှိ နေအိမ်တစ်လုံးတွင် ဇွန်လ ၁၉ ရက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ညနေ ၄ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ အသက် ၉ လနှင့် ၁၅ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး၊ အမျိုးသားကြီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြဝတီမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ကရင်ပြည်နယ်၊မြဝတီမြို့တွင် နေအိမ်မီးလောင်မှုဖြစ်ပွားပြီး ကလေးငယ် ၂ ဦး သေဆုံးကာ အမျိုးသား ၁ ဦး ဒဏ်ရာရ
Jun 20 • 6:57 AM
Myanmar
Kayin
Share
| 7 | 0 | 0 | 0 |


