နာမည်ကျော်စာရေးဆရာ၊ ဆရာဝန်၊ ဇာတ်ညွှန်းရေးဆရာနှင့် ဒါရိုက်တာ မင်းခိုက်စိုးစန်သည် အမေရိကန်ရှိ နေအိမ်၌ ကွယ်လွန်သွားပြီ ဖြစ်သည်။အမေရိကန် ပစိဖိတ်စံတော်ချိန် ဇွန်လ ၁၉ ရက် ည ၈ နာရီ ၇ မိနစ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။မြန်မာစံတော်ချိန်သည် ဇွန်လ ၂၀ ရက် မနက် ၉ နာရီ ၃၇ မိနစ် ဖြစ်သည်။အမည်ရင်း ကိုကျော်စိုးဖြစ်ကာ ၁၉၇၂ ခုနှစ်
စက်တင်ဘာလ ၁၈ ရက်နေ့၌ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။၁၉၈၈ ခုနှစ်၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၂၀၀၁ ခုနှစ်၌ ဆေးတက္ကသိုလ် (၂)မှ ဆေးပညာဘွဲ့ရရှိခဲ့သည်။



