back

တစ်ဖက်ကစားသမားကို ပါးစပ်ဖုံးစကားပြောတဲ့ ပါရာဂွေးကစားသမား တိုက်ရိုက်အနီကဒ် ပြခံရ

Jun 20 • 5:11 AM

breaking-news

Myanmar

International

cover

တစ်ဖက်ကစားသမားကို ပါးစပ်ဖုံးစကားပြောတဲ့ ပါရာဂွေးကစားသမား တိုက်ရိုက်အနီကဒ် ပြခံရ

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (D) ပွဲစဉ်အဖြစ် ပါရာဂွေးအသင်းနဲ့ တူရကီအသင်းတို့ ယှဉ်ပြိုင်နေချိန် ပါရာဂွေး ကွင်းလယ်ကစားသမား မီဂွယ် အယ်လ်မီရွန် (Miguel Almirón) ဟာ တူ...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (D) ပွဲစဉ်အဖြစ် ပါရာဂွေးအသင်းနဲ့ တူရကီအသင်းတို့ ယှဉ်ပြိုင်နေချိန်

ပါရာဂွေး ကွင်းလယ်ကစားသမား မီဂွယ် အယ်လ်မီရွန် (Miguel Almirón) ဟာ တူရကီနောက်ခံလူနဲ့ အငြင်းပွားနေစဉ် ပါးစပ်ကို လက်နဲံဖုံးကာ စကားပြောဆိုခဲ့တာကြောင့် တိုက်ရိုက်အနီကဒ်ပြခံလိုက်ရပါတယ်။ ဒါဟာ ဖီဖာရဲ့ ပရက်စ်တီယန်နီ ဥပဒေ" (Prestianni Law) လို့ လူသိများတဲ့ စည်းမျဉ်းအသစ်တစ်ခုကို ကမ္ဘာ့ဖလားမှာ စတင်ကျင့်သုံးခဲ့တာပါ။အဲဒီစည်းမျဉ်းအရ ကစားသမားအချင်းချင်း ရန်ဖြစ်တဲ့အခါ ဒါမှမဟုတ် ဆဲဆိုအော်ဟောင်းတဲ့အခါ ဒိုင်တွေ နှုတ်ခမ်းဖတ် (Lip-read) လို့မရအောင် ပါးစပ်ကို လက်နဲ့အုပ်ရင် အနီကတ် တိုက်ရိုက်ပြရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒါကြောင့် ပါရာဂွေး ကွင်းလယ်ကစားသမား မီဂွယ် အယ်လ်မီရွန်က ပထမဦးဆုံး ဒီစည်းမျဉ်းနဲ့ အနီကဒ်ပြခံရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။

news-view-count-icon

29