back

'မြန်မာ့ဂီတနေ့'အတွက် မျိုးဆက်သစ်အဆိုဝါသနာရှင် ( ၁၁၄ ) ဦးပါဝင်ယှဉ်ပြိုင်ရာမှ( ၅ )ဦးရွေးချယ်ခဲ့

Jun 20 • 4:41 AM

breaking-news

Myanmar

Local

breaking-news
cover

'မြန်မာ့ဂီတနေ့'အတွက် မျိုးဆက်သစ်အဆိုဝါသနာရှင် ( ၁၁၄ ) ဦးပါဝင်ယှဉ်ပြိုင်ရာမှ( ၅ )ဦးရွေးချယ်ခဲ့

ဇွန်လ(၂၇)ရက်မှာကျရောက်မယ့်'မြန်မာ့ဂီတနေ့'အထိမ်းအမှတ်အဖြစ် အဆိုပြိုင်ပွဲကျင်းပခဲ့ပြီးမြို့နယ်အသီးသီးက မျိုးဆက်သစ်ပြိုင်ပွဲဝင်(၁၁၄)ဦးအနက် အဆိုရှင် ( ၅ ) ဦးကို ရွ...

ဇွန်လ(၂၇)ရက်မှာကျရောက်မယ့်'မြန်မာ့ဂီတနေ့'အထိမ်းအမှတ်အဖြစ် အဆိုပြိုင်ပွဲကျင်းပခဲ့ပြီးမြို့နယ်အသီးသီးက မျိုးဆက်သစ်ပြိုင်ပွဲဝင်(၁၁၄)ဦးအနက် အဆိုရှင် ( ၅ ) ဦးကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံ ဂီတအစည်းအရုံး ( ဗဟို )ရဲ့ ညွှန်ကြားမှုနဲ့ ရန်ကုန်တိုင်း ဂီတ အစည်းအရုံး မှ ဦးဆောင်မှုဖြင့် မြို့နယ် ဂီတအစည်းအရုံးများမှ အသံစီစစ်ရွေးချယ်ထားတဲ့ ပြိုင်ပွဲဝင် အဆိုဝါသနာရှင် ( ၁၁၄ ) ဦးပါဝင် ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်တိုင်း ( ဂီတ ) အစည်းအရုံးမှ ( ဒုတိယ အဆင့် ) အနေဖြင့် ( ၁၈.၆.၂၀၂၆ ) သီချင်းအဆိုပြိုင်ပွဲ အတွက် အမှတ်ပေးအကဲဖြတ် ( ဒိုင် ) များအဖြစ်တေးရေး/တေးဆို အလက်ာကျော်စွာ ကေတုဝင်းထွဋ် ...၊တေးသံရှင်ခိုင်ဝါ နှင့် တေးသံရှင်ရေဗက္ကာဝင်း၊ တေးရေး နောင်နောင် ( S F ) တို့မှ ဒိုင် တွေအဖြစ်ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

36