back

ရှမ်းပြည်တာချီလိတ်တွင် တရားမဝင် ရွှေတူးဖော်နေသည့် ပြည်ပနိုင်ငံသား ၁၉ ဦး ဖမ်းဆီးရမိ

Jun 20 • 5:31 AM

breaking-news

Myanmar

Shan

breaking-news
cover

ရှမ်းပြည်တာချီလိတ်တွင် တရားမဝင် ရွှေတူးဖော်နေသည့် ပြည်ပနိုင်ငံသား ၁၉ ဦး ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့နယ်ခွဲ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ဝမ်လန်းကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော်နေသည့် ပြည်ပနိုင်ငံသ...

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့နယ်ခွဲ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ဝမ်လန်းကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော်နေသည့် ပြည်ပနိုင်ငံသား ၁၉ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဇွန် ၁၉ ရက်က ဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိသူများတွင် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦး ပါဝင်ကြောင်း သိရသည်။အဆိုပါဒေသ၌ တရားမဝင် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိချက်အရ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် စက်ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများထံ လွှဲပြောင်းအပ်နှံခြင်းနှင့် လိုအပ်သည့် ပစ္စည်းများကို စနစ်တကျ ဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

37