back

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတွင်ဆက်သွယ်ရေးနှင့် အင်တာနက်ဖိုင်ဘာကေဘယ်များ ရှုပ်ထွေးမှုကို ဦးစားပေးရှင်းလင်းမည်

Jun 20 • 3:31 AM

breaking-news

Myanmar

Local

breaking-news
cover

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတွင်ဆက်သွယ်ရေးနှင့် အင်တာနက်ဖိုင်ဘာကေဘယ်များ ရှုပ်ထွေးမှုကို ဦးစားပေးရှင်းလင်းမည်

နိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဆက်သွယ်ရေးနှင့် အင်တာနက်ဖိုင်ဘာကေဘယ်များ ရှုပ်ထွေးစွာ သွယ်တန်းထားမှုများကို အစီ...

နိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဆက်သွယ်ရေးနှင့် အင်တာနက်ဖိုင်ဘာကေဘယ်များ ရှုပ်ထွေးစွာ သွယ်တန်းထားမှုများကို အစီအစဉ်တကျ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က ပြောကြားသလိုဇွန် ၁၉ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင်

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ကို စံပြမြို့များအဖြစ် သတ်မှတ်ကာ ပထမဦးစွာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ဖိုင်ဘာကေဘယ်များ ရှင်းလင်းခြင်း၊ ဆက်သွယ်ရေးတိုင်များ များပြားရှုပ်ထွေးနေမှုကို Port Sharing စနစ်ဖြင့် လျှော့ချခြင်းနှင့် မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီသည့် အမြင်တင့်တယ်သော ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်လျက်ရှိကယ မြေပေါ်တွင် သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်များကို မြေအောက် ဖိုင်ဘာကေဘယ် (Underground Fiber Cable) စနစ်သို့ အဆင့်ဆင့် ပြောင်းရွှေ့တည်ဆောက်သွားမည်ဖြစ်ပြီး မြို့နယ်အလိုက် ဦးစားပေးအစီအစဉ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

32