back

အီရန်နှင့် အမေရိကန်တို့၏ ဘာဂျင်စတော့ ဆွေးနွေးပွဲအစီအစဉ် ဖျက်သိမ်း

Jun 20 • 3:04 AM

breaking-news

Myanmar

International

cover

အီရန်နှင့် အမေရိကန်တို့၏ ဘာဂျင်စတော့ ဆွေးနွေးပွဲအစီအစဉ် ဖျက်သိမ်း

ဆွစ်ဇာလန်နိုင်ငံ ဘာဂျင်စတော့ အပန်းဖြေစခန်းမြို့၌ ဇွန် ၁၉ ရက်တွင်ကျင်းပမည့် အမေရိကန် ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကိုဖျက်သိမ်းထားကြောင်း ဆွစ်ဇာ...

ဆွစ်ဇာလန်နိုင်ငံ ဘာဂျင်စတော့ အပန်းဖြေစခန်းမြို့၌ ဇွန် ၁၉ ရက်တွင်ကျင်းပမည့် အမေရိကန် ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကိုဖျက်သိမ်းထားကြောင်း ဆွစ်ဇာလန်နိုင် ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။အီရန်တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေးရေးအတွက် ဘာဂျင်စတော့အပန်းဖြေစခန်းမြို့သို့ သွားရောက်မည့်အစီအစဉ်ကို အမေရိကန်ဒုတိယသမ္မတဂျေဒီဗင့်စ်က ဖျက်သိမ်းခဲ့ပြီးနောက် ဘာဂျင်စတော့ ဆွေးနွေးပွဲအစီအစဉ်ကိုပျက်ပြားခဲ့ရခြင်းဖြစ်သည်။မူလက အမေရိကန်နှင့်အီရန် တာဝန်ရှိသူများသည် ဇွန် ၁၆ ရက်တွင် ရယူထားသော အချက် ၁၄ ချက်ပါ အီရန်စစ်ပွဲအဆုံးသတ်ရေး ယာယီသဘောတူညီချက် အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ဘာဂျင်စတော့မြို့၌တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။အမေရိကန်နှင့် အီရန်တို့၏ ဘာဂျင်စတော့ဆွေးနွေးပွဲ ပျက်ပြားခဲ့ရခြင်းကြောင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးသဘောတူညီချက် ရယူနိုင်ရေးအတွက် မရေရာမှုများရှိလာခဲ့ပြီဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။



news-view-count-icon

20