နာမည်ကြီးဘရာဇီးလ်အသင်းဟာ အုပ်စုရဲ့ ဒုတိယမြောက် ပွဲစဉ်အဖြစ် ဒီနေ့မနက်ပိုင်းမှာ ဟေတီအသင်းနဲ့ကစားခဲ့ပြီးသုံးဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ဘရာဇီးလ်အတွက် သွင်းဂိုးတွေကို ကူညာကနှစ်ဂိုး၊ဗင်နီစီးယက် က တစ်ဂိုးသွင်းယူပေးခဲ့ကာဒီနိုင်ပွဲကြောင့် ဘရာဇီးလ်ဟာ အုပ်စုတက်ဖို့အားကောင်းသွားပေမယ့် အုပ်စုပထမနေရာအတွက် နောက်ဆုံးပွဲအထိ ရုန်းကန်ကစားသွားရဦးမှာဖြစ်ပါတယ်။



