ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ နောင်ဟွိုင်ရပ်ကွက်ရှိ သီရိဝတ္တနာကျေးရွာတွင် ဇွန်လ ၁၈ ရက် ညပိုင်းက ပိုင်ရှင်ဖြစ်သူ လှောင်အိမ်ဖွင့်စဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် အသက် ၂ နှစ်အရွယ် ကာပူချင် (Capuchin) မျိုးနွယ်စုဝင် အမောက်ပါမျောက်မ ၂ ကောင်အား နာကျင်ဒဏ်ရာမရစေဘဲ ဖမ်းဆီးပေးနိုင်ပါက တစ်ကောင်လျှင် ဘတ် ၁၀,၀၀၀ စီ ဆုကြေးငွေပေးမည်ဟု ပိုင်ရှင်က ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါမျောက်များကို ဖမ်းဆီးရန် နိုက်ဆာဖာရီနှင့် မွေးမြူရေးဦးစီးဌာန တာဝန်ရှိသူများက မေ့ဆေးသေနတ်များဖြင့် ကြိုးပမ်းခဲ့သော်လည်း မျောက်များမှာ အလွန်ပါးနပ်သဖြင့် အိမ်ခေါင်မိုးများပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ရာ ၎င်းတို့အား အိမ်ထဲသို့ သစ်သီးများဖြင့် မျှားခေါ်ကာ တံခါးပိတ်ဖမ်းဆီးပြီး ပိုင်ရှင်ဖြစ်သူ၏ ဖုန်းနံပါတ်များ (090-5233275, 081-4733275) ထံ ဆက်သွယ်အကြောင်းကြားပေးရန် နှိုးဆော်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ချင်းမိုင်တွင် လွတ်မြောက်နေသည့် ကာပူချင်မျောက်မ ၂ ကောင်အား ဖမ်းဆီးပေးနိုင်ပါက တစ်ကောင်လျှင် ဘတ် ၁၀,၀၀၀ စီ ဆုကြေးပေးမည်ဟု ပိုင်ရှင်ကြေညာ
Jun 19 • 10:27 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


