ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် သင်္ကြန်ကာလအပြီးမှစတင်ကာ (၉) ပတ်ဆက်တိုက် ကျဆင်းလာခဲ့ရာ ပြီးခဲ့သည့် နှစ်လကျော်ကာလအတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် ရန်ကုန်မြို့အတွက် ရည်ညွှန်းဈေးနှုန်းများအရ ဇွန်လ ၂၅ ရက်နေ့အထိ 92 Ron တစ်လီတာလျှင် ၃,၇၈၅ ကျပ်၊ 95 Ron တစ်လီတာလျှင် ၃,၈၃၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၃,၉၁၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၄,၇၂၀ ကျပ် အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ (၉) ပတ်ဆက်တိုက် ကျဆင်းလာပြီး ဒီဇယ်တစ်လီတာ ကျပ် ၃,၉၀၀ ဝန်းကျင်အထိ ဖြစ်ပေါ်လာ
Jun 19 • 10:26 AM
Myanmar
Local
Share
| 31 | 0 | 0 | 0 |


