ဇွန်လ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ Patong Boxing Stadium ၌ ကျင်းပခဲ့သည့် Patong Fight Night မွေထိုင်းပြိုင်ပွဲ၏ (၁၂၈) ပေါင်တန်း ပွဲစဉ်တွင် မြန်မာအမျိုးသမီးဖိုက်တာ နော်ဥမ္မာစိုးက ထိုင်းဖိုက်တာ ပတ်ချူဖန်ကို ၂ မိနစ် ၅ ချီ ယှဉ်ပြိုင်ထိုးသတ်ကာ အမှတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ပွဲစတင်ချိန်တွင် နှစ်ဦးစလုံး ခြေကန်ချက်များကိုသာ အဓိကအားပြုပြီး အကြိတ်အနယ် တိုက်စစ်ဖွင့်ခဲ့ကြသော်လည်း၊ တတိယအချီမှစ၍ နော်ဥမ္မာစိုးက လက်သီးတွဲလုံးနှင့် တံတောင်ရိုက်ချက်များကိုပါ စုံလင်စွာအသုံးပြုကာ အစီးထိုးသတ်နိုင်ခဲ့သည်။ ထို့နောက် စတုတ္ထနှင့် နောက်ဆုံးအချီတို့တွင် Counter ဗျူဟာသို့ ပြောင်းလဲကာ သက်လုံကျလာသည့် ထိုင်းဖိုက်တာကို ညာဝိုက်လက်သီးချက်များဖြင့် အထိနာအောင် ထိုးသတ်ပြီး အနိုင်ယူခဲ့ခြင်းဖြစ်ကာ နော်ဥမ္မာစိုးအနေဖြင့် ပြီးခဲ့သည့် ဧပြီလကလည်း အာဂျင်တီးနားဖိုက်တာတစ်ဦးကို အနိုင်ရရှိထားဖူးကြောင်း သိရသည်။
မြန်မာအမျိုးသမီးဖိုက်တာ နော်ဥမ္မာစိုး Patong Fight Night မွေထိုင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာကို အနိုင်ရရှိ
Jun 19 • 10:28 AM
Myanmar
International
Share
| 16 | 0 | 0 | 0 |


