back

မက်ဆီ၏ဖခင် ကျန်းမာရေးပြဿနာကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရပြီး အခြေအနေ ပြန်လည်ကောင်းမွန်လာကြောင်း မိသားစု အတည်ပြု

Jun 19 • 8:21 AM

breaking-news

Myanmar

International

cover

မက်ဆီ၏ဖခင် ကျန်းမာရေးပြဿနာကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရပြီး အခြေအနေ ပြန်လည်ကောင်းမွန်လာကြောင်း မိသားစု အတည်ပြု

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ၏အေးဂျင့်နှင့် မန်နေဂျာလည်းဖြစ်သူ ဖခင်ဖြစ်သူ ဟော်ဟေမက်ဆီ (Jorge Messi) သည် ပြင်းထန်သည့် ကျန်းမာရေးပြဿနာကြောင့် ဆေးရုံတွင် ဆေး...

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ၏အေးဂျင့်နှင့် မန်နေဂျာလည်းဖြစ်သူ ဖခင်ဖြစ်သူ ဟော်ဟေမက်ဆီ (Jorge Messi) သည် ပြင်းထန်သည့် ကျန်းမာရေးပြဿနာကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး လက်ရှိတွင် အခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း ၎င်းတို့မိသားစုက အတည်ပြုထုတ်ပြန်ခဲ့သည်။ အသက် ၆၈ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ကွယ်လွန်သွားပြီဆိုသည့် ကောလာဟလများ ထွက်ပေါ်ခဲ့မှုကြောင့် မက်ဆီအနေဖြင့် အယ်လ်ဂျီးရီးယားနှင့်ပွဲတွင် အဖွင့်ဂိုးသွင်းယူအပြီး စိတ်ထိခိုက် မျက်ရည်ကျခဲ့ရခြင်းဖြစ်ကာ လက်ရှိတွင် ဟော်ဟေမက်ဆီမှာ ဆေးရုံ၌ ဆက်လက်ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

news-view-count-icon

11