ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာနရှိ Bone Marrow Transplant Center တွင် ၂၀၂၆ ခုနှစ် မေလအတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့သည့် ခြင်ဆီကင်ဆာရောဂါခံစားနေရသူ လူနာလေးဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ခြင်ဆီအစားထိုးကုသမှု (Bone Marrow Transplantation) ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။



