အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ အဓိကစီမံကိန်းဖြစ်သော "အခမဲ့အာဟာရပြည့်ဝသည့် အစားအစာ ကျွေးမွေးရေးအစီအစဉ်" ကို ကျောင်းပိတ်ရက်ကာလဖြစ်သည့် ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၁၃ ရက်အထိ ယာယီရပ်နားထားမည်ဖြစ်ကြောင်း အမျိုးသားအာဟာရအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ အဆိုပါအစီအစဉ်သည် ကျောင်းဝင်းအတွင်း၌သာ တိုက်ရိုက်ဖြန့်ဝေပေးခြင်းဖြစ်ပြီး ကျောင်းပိတ်ရက်တွင် ကလေးများ၏ နေအိမ်များအထိ လိုက်လံပို့ဆောင်ပေးရန် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် စီမံခန့်ခွဲမှုပိုင်း အလွန်ရှုပ်ထွေးခြင်းကြောင့် ယခုကဲ့သို့ ခေတ္တရပ်နားရခြင်းဖြစ်ကာ အနာဂတ်ကျောင်းပိတ်ရက်များတွင်လည်း ရပ်ဆိုင်းထားနိုင်ကြောင်း သိရသည်။
Jun 19 • 8:19 AM
Myanmar
International
Share
| 41 | 0 | 0 | 0 |



