back

ကချင်ပြည်နယ်၊ဖားကန့်နှင့် ဆိုင်းတောင်ကို ဆက်သွယ်ထားသည့် ယူမာလမ်း ပိတ်ထားသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲကြုံတွေ့နေရ

Jun 19 • 8:17 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊ဖားကန့်နှင့် ဆိုင်းတောင်ကို ဆက်သွယ်ထားသည့် ယူမာလမ်း ပိတ်ထားသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲကြုံတွေ့နေရ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ဖားကန့်နှင့် ဆိုင်းတောင်ကို အဓိကဆက်သွယ်ထားသည့် ယူမာလမ်းကို ပိတ်ထားသဖြင့် ဒေသခံ...

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ဖားကန့်နှင့် ဆိုင်းတောင်ကို အဓိကဆက်သွယ်ထားသည့် ယူမာလမ်းကို ပိတ်ထားသဖြင့် ဒေသခံပြည်သူများ သွားလာရေး အခက်အခဲကြီးစွာ ကြုံတွေ့နေရကြောင်း သိရသည်။ လမ်းပိတ်ထားမှုကြောင့် ဒေသခံများသည် ဖားပြင်လမ်း ကူးတို့ဆိပ်ကို အစားထိုးအသုံးပြုနေရပြီး တစ်ခါကူးလျှင် ဆိုင်ကယ် ၃,၀၀၀ ကျပ်နှင့် ကား ၅,၀၀၀ ကျပ်အထက် ဖြတ်သန်းခ ပေးဆောင်နေရသဖြင့် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စရပ်များ အဆင်ပြေစေရန် အဆိုပါ ယူမာလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက မေတ္တာရပ်ခံ တောင်းဆိုထားကြသည်။

news-view-count-icon

16