back

ရတနာပုံအမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်ကလပ်မှ အတွေ့အကြုံရင့် အလယ်တန်းကစားသမား ပေါ်လင်းကို ခေါ်ယူ

Jun 19 • 8:16 AM

breaking-news

Myanmar

Local

cover

ရတနာပုံအမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်ကလပ်မှ အတွေ့အကြုံရင့် အလယ်တန်းကစားသမား ပေါ်လင်းကို ခေါ်ယူ

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းသည် အသင်း၏ကွင်းလယ်ပိုင်းကို အားဖြည့်ရန်အတွက် ဖိလစ်ပိုင်ကလပ် Stallion Laguna FC အသင်းမှ အသက် ၂၆ နှစ...

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းသည် အသင်း၏ကွင်းလယ်ပိုင်းကို အားဖြည့်ရန်အတွက် ဖိလစ်ပိုင်ကလပ် Stallion Laguna FC အသင်းမှ အသက် ၂၆ နှစ်အရွယ် အတွေ့အကြုံရင့် အလယ်တန်းကစားသမား ပေါ်လင်း (Pauline San Buenaventura) ကို တရားဝင်ခေါ်ယူစာချုပ်ဆိုလိုက်ကြောင်း သိရသည်။ ဆယ်စုနှစ်တစ်ခုကျော် ပြိုင်ပွဲအတွေ့အကြုံရှိပြီး AFC Women's Champions League (2025-2026) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ပေါ်လင်းသည် ရတနာပုံအသင်းတွင် ကျောနံပါတ် ၂၉ ကို ဝတ်ဆင်ကစားမည်ဖြစ်ကာ ၎င်း၏နည်းစနစ်ပိုင်းပိုင်နိုင်မှုနှင့် တည်ငြိမ်မှုများက အသင်းအတွက် အားကိုးရဖွယ်ရှိကြောင်း ထုတ်ပြန်ထားသည်။

news-view-count-icon

18