ပြင်ပရပ်ကွက်ဈေးဆိုင်များတွင် (၁၀ လုံးပါ) ကြက်ဥတစ်ကတ်စာကို ကျပ် ၅,၅၀၀ မှ ၆,၅၀၀ အထိ ရောင်းချနေချိန်တွင် စူပါမားကတ်ကြီးများ၌ ကြက်ဥဈေးနှုန်းများ သိသိသာသာ ပိုမိုသက်သာနေသောကြောင့် အိမ်ရှင်မအချို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုဝယ်ယူလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် City Mart ၌ ကြက်ဥ ၁၀ လုံးပါတစ်ကတ်ကို ကျပ် ၃,၉၀၀ (တစ်လုံးလျှင် ၃၉၀ ကျပ်ဝန်းကျင်) ဖြင့် ရောင်းချပေးနေပြီး ကတ်မယူပါက ကျပ် ၃၀၀ ထပ်မံသက်သာကာ တစ်လုံးလျှင် ကျပ် ၃၆၀ ဝန်းကျင်သာ ကျသင့်သော်လည်း ဝယ်သူများပြားသဖြင့် ပစ္စည်းပြတ်လပ်မှုနှင့် အလုံးဆိုဒ်မငြိမ်မှုများရှိကြောင်း၊ အလားတူ Makro တွင်လည်း အလုံးဆိုဒ် ပိုကြီးသည့် ကြက်ဥများကို တစ်လုံးလျှင် ကျပ် ၄၀၀ ဝန်းကျင်ဖြင့် ပြင်ပဈေးထက် အများကြီး သက်သာစွာ ရောင်းချပေးနေကြောင်း သိရသည်။
ပြင်ပရပ်ကွက်ဈေးများထက် စူပါမားကတ်ကြီးများတွင် ကြက်ဥဈေးနှုန်း ပိုမိုသက်သာနေမှုကြောင့် အိမ်ရှင်မများသွားရောက် ဝယ်ယူလျက်ရှိ
Jun 19 • 8:22 AM
Myanmar
Yangon
Share
| 18 | 0 | 0 | 0 |


