မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ ၁၃၂ ကေဗွီ ဆည်တော်ကြီး-အောင်ပင်လယ် ဓာတ်အားလိုင်းတလျှောက် တာဝါတိုင်များနှင့် ဓာတ်အားလိုင်းကြိုးများတွင် တွေ့ရှိရသည့် ချို့ယွင်းပျက်စီးမှုများကို ဇွန်လ ၂၀ ရက် (မနက်ဖြန်) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ရာ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဆည်တော်ကြီးရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လုပ်မှု ၁၂ မဂ္ဂါဝပ်ခန့် လျော့နည်းမည်ဖြစ်သော်လည်း လိုအပ်သည့်ဓာတ်အားကို အခြားဓာတ်အားပေးစက်ရုံများမှ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ၁၃၂ ကေဗွီ ဆည်တော်ကြီး-အောင်ပင်လယ် ဓာတ်အားလိုင်း ပြုပြင်မည်ဖြစ်၍ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တို့တွင် ဇွန် ၂၀ ရက်၌ ယာယီဓာတ်အားပြတ်တောက်မည်
Jun 19 • 6:53 AM
Myanmar
Mandalay
Share
| 12 | 0 | 0 | 0 |


