မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်းလိုင်းများ တိုးမြှင့်ပြေးဆွဲနိုင်ပါက မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာနိုင်ကြောင်း ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပလျက်ရှိသည့် Mekong Tourism Forum 2026 တွင် မဲခေါင်ဒေသ (၆) နိုင်ငံမှ တာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများက ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းကလည်း မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဝင်ရောက်မှုမြင့်မားသည့် အိမ်နီးချင်းနိုင်ငံများနှင့် တိုက်ရိုက်လေကြောင်းချိတ်ဆက်မှုများ အားကောင်းရန် အထူးအရေးကြီးကြောင်း ပြောကြားခဲ့သည်။
မြန်မာ-ကမ္ဘောဒီးယား-ထိုင်း တိုက်ရိုက်လေကြောင်းချိတ်ဆက်မှု တိုးမြှင့်နိုင်ပါက ခရီးသွားဝင်ရောက်မှု မြင့်တက်လာမည်ဟု သုံးသပ်
Jun 19 • 6:52 AM
Myanmar
International
Share
| 12 | 0 | 0 | 0 |


