ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည့် Mekong Tourism Forum 2026 တွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ခရီးသွားမြှင့်တင်ရေး (Promotion) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင်၊ ဒေသတွင်းလုံခြုံရေးအားကောင်းစေရေးကိုလည်း နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ပုဂံဒေသသည် ကမ္ဘာလှည့်ခရီးသွားများအတွက် လုံခြုံစိတ်ချရသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်းကိုလည်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။
Jun 19 • 6:54 AM
Myanmar
Yangon
Share
| 19 | 0 | 0 | 0 |

မန္တလေးတိုင်းဒေသကြီး ၁၃၂ ကေဗွီ ဆည်တော်ကြီး-အောင်ပင်လယ် ဓာတ်အားလိုင်း ပြုပြင်မည်ဖြစ်၍ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တို့တွင် ဇွန် ၂၀ ရက်၌ ယာယီဓာတ်အားပြတ်တောက်မည်
UNESCO ၏ YouthHackathon 2026 လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲအတွက် စာရင်းပေးသွင်းခြင်း စတင်လက်ခံနေပြီး ကမ္ဘာတစ်ဝန်းရှိ လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်

