ဟောင်ကောင်မိုးလေဝသဌာနက ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်းတွင် တစ်နာရီလျှင် မိုးရေချိန် ၇၀ မီလီမီတာကျော်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရွာသွန်းမှုဆိုင်ရာ အမြင့်ဆုံးအဆင့်ဖြစ်သည့် အနက်ရောင် (Black Rainstorm Warning) သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး စာသင်ကျောင်းများ ပိတ်ထားရန်နှင့် လုပ်ငန်းအချို့ကို ယာယီရပ်နားထားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ ယခုထုတ်ပြန်ချက်သည် ၂၀၂၆ ခုနှစ်အတွင်း ဇွန်လ ၈ ရက်နေ့က ပထမအကြိမ် ထုတ်ပြန်ခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် အနက်ရောင်သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ပြီး ရှေ့ဆက်၍လည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်သေးကြောင်း သိရသည်။
Jun 19 • 6:50 AM
China
Local News
Share
| 7 | 0 | 0 | 0 |


