back

ဂျပန်ရှိ အစိုးရဝန်ထမ်း ထက်ဝက်ကျော်အလုပ်နေရာပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းမှုအပေါ် ငြင်းဆန်ရန် ဆန္ဒရှိနေကြောင်း စစ်တမ်းဖော်ပြ

Jun 19 • 3:59 AM

breaking-news

Japan

Local News

cover

ဂျပန်ရှိ အစိုးရဝန်ထမ်း ထက်ဝက်ကျော်အလုပ်နေရာပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းမှုအပေါ် ငြင်းဆန်ရန် ဆန္ဒရှိနေကြောင်း စစ်တမ်းဖော်ပြ

ဂျပန်နိုင်ငံရှိ အမျိုးသားအဆင့် အစိုးရဝန်ထမ်း (National government employees) ထက်ဝက်ကျော်သည် လုပ်ငန်းခွင်လိုအပ်ချက်အရ အခြားဒေသများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်...

ဂျပန်နိုင်ငံရှိ အမျိုးသားအဆင့် အစိုးရဝန်ထမ်း (National government employees) ထက်ဝက်ကျော်သည် လုပ်ငန်းခွင်လိုအပ်ချက်အရ အခြားဒေသများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည့် အစီအစဉ်များကို မလိုလားကြကြောင်း အမျိုးသားဝန်ထမ်းရေးရာအဖွဲ့ (National Personnel Authority) က ဇွန်လ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်သည့် စစ်တမ်းအရ သိရသည်။ ၎င်းအခြေအနေသည် ဂျပန်နိုင်ငံတွင် ကာလကြာရှည် ကျင့်သုံးလာခဲ့သည့် ဝန်ထမ်းနေရာရွှေ့ပြောင်းခြင်း ဓလေ့အပေါ် ခုခံလိုစိတ် မြင့်တက်လာနေခြင်းကို ပြသနေသည်။အဆိုပါအဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက အချိန်ပြည့် အစိုးရဝန်ထမ်းပေါင်း ၂၈၀,၀၀၀ ခန့်အနက် လူဦးရေ ၁၀၀,၀၀၀ နီးပါးကို ကောက်ယူခဲ့သည့် စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၁၆.၁ ရာခိုင်နှုန်းက လုပ်ငန်းခွင်ပြောင်းရွှေ့ခြင်းကို "လုံးဝမလိုလားကြောင်း" ပြတ်ပြတ်သားသား ဖြေဆိုခဲ့ကြပြီး၊ ၃၆.၅ ရာခိုင်နှုန်းကလည်း "မပြောင်းရွှေ့လိုဘဲ နေလိုကြောင်း" ဖြေကြားခဲ့ကြသည်။ဝန်ထမ်းရေးရာအေဂျင်စီ၏ သုံးသပ်ချက်အရ လက်ရှိခေတ်တွင် လုပ်ငန်းခွင်ပုံစံများနှင့် လူမှုဘဝတန်ဖိုးထားမှုများ ကွဲပြားစုံလင်လာသည့်အတွက် ယခင်ကကဲ့သို့ ထုံးစံအတိုင်း ဝန်ထမ်းများကို ဟိုဘက်ဒီဘက် ရွှေ့ပြောင်းသည့်စနစ် (Traditional transfer practices) ကို ဆက်လက်ထိန်းသိမ်းရန် ခက်ခဲလာပြီဖြစ်ကြောင်း သိရသည်။ထို့ကြောင့် အေဂျင်စီအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနများအား ယခုကဲ့သို့ အလေ့အထအရ ဝန်ထမ်းရွှေ့ပြောင်းနေမှုများသည် တကယ့်လက်တွေ့တွင် မဖြစ်မနေ လိုအပ်ချက် ဟုတ်မဟုတ် ပြန်လည်သုံးသပ်ရန် တိုက်တွန်းထားသည်။ ထို့ပြင် ဝန်ထမ်းများအပေါ် ဝန်ထုပ်ဝန်ပိုး သက်သာစေရန်အတွက် ပြောင်းရွှေ့ရမည့် အမိန့်ကို ကြိုတင်အကြောင်းကြားပြီး ပြင်ဆင်ချိန် ပိုမိုပေးရန်၊ အလုပ်နေရာပြောင်းရွှေ့ခြင်းကို ပိုမိုစိတ်ဝင်စားလာစေရန်အတွက် ငွေကြေးဆိုင်ရာ ခံစားခွင့်များနှင့် အခြားသော မက်လုံး (Incentives) အသစ်များ ဖန်တီးပေးရန် စဉ်းစားသင့်ကြောင်း အကြံပြုထားသည်။

news-view-count-icon

8