မန္တလေးမြို့တွင် လတ်တလော ကြုံတွေ့နေရသည့် ဆိုင်ကယ်လုယက်မှု ဖြစ်စဉ်များနှင့် လုံခြုံရေးစိုးရိမ်ရမှုများကြောင့် မန္တလေးတောင်ပေါ်သို့ သွားလာအပန်းဖြေသူ ယခင်ကထက် ပိုမိုနည်းပါးသွားကြောင်း ဒေသခံများနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ တောင်တက်လမ်းအစတွင် လုံခြုံရေးဂိတ်စခန်း ဖွင့်လှစ်ထားသော်လည်း လူပြတ်သည့်နေရာအချို့တွင် မကြာခဏ လုယက်ခံရမှုများ ရှိနေခြင်းကြောင့် ဒေသခံများပင် သွားရောက်ရန် ဝန်လေးနေကြပြီး ဘုရားဖူးလိုက်ပို့သည့် အလေ့အထနှင့် တောင်ပေါ်ကားငှားရမ်းခွင့်စနစ်များလည်း ကျဆင်းသွားသည်။ ထို့ပြင် တောင်တက်လမ်းကို လမ်းလျှောက်တက်ရောက်ခွင့် ပိတ်ထားခြင်း၊ တောင်အဆင်းလမ်းအောက်ခြေရှိ စစ်တပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့် မပြုခြင်းနှင့် လူပြတ်သည့်နေရာများ၌ ခိုးဆိုးလုယက်မှုများ မကြာခဏ ပေါ်ပေါက်နေခြင်းတို့ကြောင့် မန္တလေးတောင်ပေါ်သို့ ဘုရားဖူးနှင့် အပန်းဖြေတက်ရောက်သူ ပုံမှန်ထက် သိသိသာသာ လျော့နည်းနေခြင်းဖြစ်ကြောင်း သိရသည်။
Jun 19 • 4:17 AM
Myanmar
Mandalay
Share
| 18 | 0 | 0 | 0 |


