ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၏ (၅) ရက်တစ်ဈေး တောင်ကြီးဈေးနေ့တွင် မနက်ခင်း ကုန်စိမ်းပျံကျဈေးသည်များကို မနက်ပိုင်းစောစော သိမ်းခိုင်းနေသဖြင့် ဈေးသည်များ အခက်ကြုံနေရကြောင်း သိရသည်။ တောင်ကြီးမြို့မဈေး ကုန်သည်လမ်းနှင့် လမ်းကြားများ၊ ဟိုပုံးဂိတ်အနီးတစ်ဝိုက်ရှိ ပျံကျဈေးသည်များကို မနက် ၈ နာရီခွဲတွင် ဆိုင်သိမ်းခိုင်းပြီး ၉ နာရီအပြီး ရှင်းလင်းပေးရန် စည်ပင်သာယာရေးအဖွဲ့က လိုက်လံမောင်းနှင်နေခြင်း ဖြစ်သည်။ ဒေသခံဈေးသည်များ၏အဆိုအရ လမ်းကြားများနှင့် ဟိုပုံးဂိတ်ဘက်တွင် မနက် ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်မှ လူစည်လေ့ရှိသော်လည်း ယခုကဲ့သို့ စောစီးစွာ မောင်းထုတ်ခံရသဖြင့် ဒုက္ခရောက်နေကြရသည်။ အဆိုပါလမ်းများရှိ နေအိမ်များက ကားဝင်ထွက် သွားလာရခက်ခဲ၍ တိုင်ကြားခြင်းဖြစ်သည်ဟု သိရပြီး ဈေးသည်များမှာ ဈေးကောက်ပုံမှန်ပေးရသော်လည်း အချိန်စောသိမ်းခိုင်းသဖြင့် ယခုတစ်ပတ် ဈေးနေ့တွင် လာရောက်ရောင်းချသူ နည်းပါးသွားကြောင်း သိရသည်။
ရှမ်းပြည်နယ်၊တောင်ကြီးမြို့ မြို့မဈေးရှိ ကုန်စိမ်းပျံကျဈေးသည်များကို မနက်ပိုင်းစောစော သိမ်းခိုင်းနေသဖြင့် အခက်အခဲကြုံတွေ့နေရ
Jun 19 • 3:48 AM
Myanmar
Shan
Share
| 20 | 0 | 0 | 0 |


