back

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လျှပ်စစ်ဓာတ်အား တရားမဝင် ခိုးယူသုံးစွဲသည့် စီးပွားရေးလုပ်ငန်းရှင် ၁၃ ဦးကို ထပ်မံအရေးယူ

Jun 19 • 2:15 AM

breaking-news

Myanmar

Kayin

cover

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လျှပ်စစ်ဓာတ်အား တရားမဝင် ခိုးယူသုံးစွဲသည့် စီးပွားရေးလုပ်ငန်းရှင် ၁၃ ဦးကို ထပ်မံအရေးယူ

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အားကို တရားမဝင် ခိုးယူသုံးစွဲခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် ၁၃ ဦးကို ထပ်မံဖော်ထု...

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အားကို တရားမဝင် ခိုးယူသုံးစွဲခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် ၁၃ ဦးကို ထပ်မံဖော်ထုတ်အရေးယူခဲ့ကြောင်း ဇွန်လ ၁၈ ရက်နေ့ သတင်းများအရ သိရသည်။ ၎င်းမြို့များရှိ စီးပွားရေးလုပ်ငန်းသုံး မီတာ ၅၂ လုံးကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာမှ မသမာသောနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေသည့် လုပ်ငန်းရှင် ၁၃ ဦးကို စိစစ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ တရားမဝင် ခိုးယူသုံးစွဲမှုကြောင့် လျှပ်စစ်ဓာတ်အားယူနစ်ပေါင်း ၁,၂၀၅,၂၆၆ ယူနစ် (တစ်ဆယ့်နှစ်သိန်းငါးထောင်နှစ်ရာခြောက်ဆယ့်ခြောက်ယူနစ်) ဆုံးရှုံးခဲ့ရပြီး ငွေကျပ်အနေဖြင့် သန်း ၇၈၅ ကျော် နစ်နာဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် လက်ရှိတွင် အဆိုပါ လျှပ်စစ်မီတာများကို ပိတ်သိမ်းလိုက်ပြီး နစ်နာမှုများ ပြန်လည်ရရှိရန် လျှပ်စစ်ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုစက်ရုံက မသမာသည့်နည်းဖြင့် လျှပ်စစ်ဓာတ်အား ၅၆၈,၈၀၀ ယူနစ် ခိုးယူခဲ့သဖြင့် ငွေကျပ်သန်း ၄,၅၀၀ ကျော် နစ်နာခဲ့ရသောကြောင့် မီတာပိတ်သိမ်းကာ မှော်ဘီမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ဖူးသည်။ လျှပ်စစ်ဓာတ်အား တရားမဝင် ခိုးယူမှုများသည် စက်မှုဇုန်များနှင့် ဟိုတယ်လုပ်ငန်းကဲ့သို့ စီးပွားရေးလုပ်ငန်းကြီးများတွင် အဓိက ဖြစ်ပွားလေ့ရှိပြီး ၎င်းအခြေအနေများကြောင့် မီးအားမနိုင်ခြင်း၊ ဓာတ်အားလျော့နည်းခြင်းနှင့် ထရန်စဖော်မာများ ပျက်စီးကာ မီးဘေးအန္တရာယ် ဖြစ်ပွားခြင်းတို့ ကြုံတွေ့ရနိုင်ကြောင်း ဒေသခံ စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ထားသည်။ လက်ရှိတွင် လျှပ်စစ်ဝန်ထမ်းများက တရားမဝင် ဓာတ်အားသုံးစွဲမှု မရှိစေရန် စီမံချက်ဖြင့် ရှောင်တခင် လိုက်လံစစ်ဆေးလျက်ရှိပြီး စစ်ဆေးတွေ့ရှိပါက ဓာတ်အားဖြတ်တောက်ခြင်း၊ လျော်ကြေးတောင်းခံခြင်း၊ ခံဝန်ကတိထိုးခိုင်းခြင်းနှင့် ရဲစခန်းတွင် အမှုဖွင့်အရေးယူခြင်းတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

13