မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် မန္တလေးမြို့အခြေစိုက် ရတနာပုံအမျိုးသမီးအသင်းသည် ဖိလစ်ပိုင်အမျိုးသမီး တိုက်စစ်မှူး မာရီယာလောဒပ်စ် လာရာကန် (Maria Lourdes Larakan) ကို ခေါ်ယူလိုက်ကြောင်း သိရသည်။ တောင်ပံတိုက်စစ်နေရာတွင်ပါ ကစားနိုင်သည့် မာရီယာသည် ပြီးခဲ့သည့်ရာသီက ဖိလစ်ပိုင်ကလပ် စတေလီယမ်လာဂူနာ (Stallion Laguna) အသင်းနှင့်အတူ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် အတွေ့အကြုံရှိသူဖြစ်ပြီး၊ ဖိလစ်ပိုင်ကောလိပ်ပေါင်းစုံပြိုင်ပွဲ (Ang Liga) တွင်လည်း DLSU အသင်းနှင့်အတူ ချန်ပီယံဆု ဆွတ်ခူးခဲ့သူဖြစ်သည်။ ရတနာပုံအမျိုးသမီးအသင်းသည် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် တတိယမြောက် နိုင်ငံခြားကစားသမား ခေါ်ယူသည့်အသင်း ဖြစ်လာခဲ့သည်။ ရတနာပုံအသင်း၏ရှေ့တွင် ဧရာဝတီအမျိုးသမီးအသင်းက ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ထိုင်းကစားသမားများကိုလည်းကောင်း၊ ဇွဲကပင်ယူနိုက်တက်အမျိုးသမီးအသင်းက ဂါနာကစားသမား ၃ ဦးကိုလည်းကောင်း အသီးသီး ခေါ်ယူထားကြကြောင်း သိရသည်။
Jun 19 • 2:14 AM
Myanmar
Local
Share
| 26 | 0 | 0 | 0 |


