back

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက်သူ မြန်မာနိုင်ငံသားများအနေဖြင့် သင့်လျော်သော ဝတ်စားဆင်ယင်မှု လိုက်နာရန် အသိပေး

Jun 19 • 2:27 AM

breaking-news

Singapore

Local News

cover

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက်သူ မြန်မာနိုင်ငံသားများအနေဖြင့် သင့်လျော်သော ဝတ်စားဆင်ယင်မှု လိုက်နာရန် အသိပေး

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် လာရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် သ...

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် လာရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးပရဝဏ်အတွင်း ဝင်ရောက်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေရှိပြီး သင့်လျော်သော အဝတ်အစားများ ဝတ်ဆင်လာကြရန် မြန်မာသံရုံး (စင်ကာပူ) က ယမန်နေ့တွင် အသိပေးနှိုးဆော်ထားသည်။ သံရုံး၏ ထုတ်ပြန်ချက်အရ အမြင်မသင့်တော်သည့် အဝတ်အစားများဖြစ်သော အင်္ကျီလည်ဟိုက်၊ စွပ်ကျယ်၊ ဘောင်းဘီအတို၊ ဘောင်းဘီအပြဲနှင့် စကတ်အတိုများ ဝတ်ဆင်၍ လာရောက်ခြင်းမပြုရန် တိုက်တွန်းထားသည်။ သံရုံးသို့ လာရောက်သူများအနေဖြင့် အဆိုပါ ဝတ်စားဆင်ယင်မှုစည်းကမ်းများကို လိုက်နာခြင်းဖြင့် ကောင်စစ်ရေးရာ လုပ်ငန်းစဉ်များကို ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

news-view-count-icon

14