စပိန်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် အံ့အားသင့်ဖွယ် လက်စွမ်းပြခဲ့သော ကိတ်ဗက် (Cape Verde) အသင်း၏ ဂိုးသမား ဗော်ဇင်ညာ (Vozinha) သည် မိခင်ဖြစ်သူကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ခေါ်ဆောင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ အသက် ၄၀ အရွယ်ရှိပြီဖြစ်သည့် ဗော်ဇင်ညာသည် အဆိုပါပွဲစဉ်တွင် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု ရရှိချိန်၌ မိခင်ဖြစ်သူမှာ အမေရိကန်ဗီဇာ ကုန်ကျစရိတ် မြင့်မားလွန်းသဖြင့် ကမ္ဘာ့ဖလားသို့ လာရောက်အားမပေးနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကိတ်ဗက်နိုင်ငံသည် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာအတွက် ဒေါ်လာ ၁၁,၀၀၀ ခန့်အထိ ကုန်ကျနိုင်သည့် ငါးနိုင်ငံအနက် တစ်နိုင်ငံအပါအဝင် ဖြစ်သည်။ သို့သော် ယခုအခါ အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ဟာကင်ဂျက်ဖရီးစ် (Hakeem Jeffries) က မိခင်ဖြစ်သူ အန်နာကန်ဒီရာအီဗိုရာအတွက် ဗီဇာကြေး ကင်းလွတ်ခွင့်ပေးခဲ့သည့်အပြင် ခရီးသွားလာရေးပါ စီစဉ်ပေးခဲ့သဖြင့် အမေရိကန်သို့ သွားရောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း BBC သို့ အတည်ပြုပြောကြားခဲ့သည်။ ဗော်ဇင်ညာသည် အသက် ၄၀ နှစ်နှင့် ၁၂ ရက်ဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် အသက်အကြီးဆုံး ပွဲဦးထွက်ကစားခွင့်ရသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
အမေရိကန်နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ မိခင်ဖြစ်သူကို ခေါ်ဆောင်ခွင့်ရရှိခဲ့သည့် ကိတ်ဗက်ဂိုးသမား ဗော်ဇင်ညာ
Jun 19 • 1:56 AM
Myanmar
International
Share
| 26 | 0 | 0 | 0 |


