back

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားရှေ့တွင် ယာဉ်မတော်တဆမှုကြောင့် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

Jun 19 • 1:55 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားရှေ့တွင် ယာဉ်မတော်တဆမှုကြောင့် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားရှေ့၌ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁:၄၅ နာရီအချိန်ခန့်က လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိသည့် ယာဉ်မတော်တဆမှုတ...

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရွှေသိမ်တော်ဘုရားရှေ့၌ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁:၄၅ နာရီအချိန်ခန့်က လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိသည့် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါရှိသူ အမျိုးသား ၂ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး၊ အခြားအမျိုးသား ၂ ဦးတွင် စိုးရိမ်ရဒဏ်ရာများနှင့် အမျိုးသမီး ၁ ဦးတွင် မစိုးရိမ်ရဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ သတင်းရရှိသဖြင့် ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းကို Myanmar Rescue (Kyaukse) လူမှုကူညီရေးယာဉ်ဖြင့် ကျောက်ဆည်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


news-view-count-icon

14