back

မကွေးတိုင်း နတ်မောက်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး

Jun 19 • 1:54 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း နတ်မောက်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာအနီးရှိ နတ်မောက်တမံ ရေလွှဲမြောင်း၏ လက်ယာဘက်ခြမ်း၊ ရေထိန်းတံခါးအထွက်ဘက်တွင် ဇွန်လ ၁၈ ရက် နေ့လယ် ၁၄:၃၉ နာ...

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာအနီးရှိ နတ်မောက်တမံ ရေလွှဲမြောင်း၏ လက်ယာဘက်ခြမ်း၊ ရေထိန်းတံခါးအထွက်ဘက်တွင် ဇွန်လ ၁၈ ရက် နေ့လယ် ၁၄:၃၉ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်ပွားရာသို့ နတ်မောက်မြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၁၅:၂၅ နာရီအချိန်တွင် သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် သေဆုံးသူ၏ ရုပ်အလောင်းအား စိတ်ဓာတ်ဖြူစင်ဂရုဏာရှင် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် နတ်မောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

13