back

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Lotus's ကုန်တိုက်တွင် မုန့်ခိုးပြေးသည့် သျှမ်းရွှေ့ပြောင်းလူငယ် ၃ ဦးအနက် ၂ ဦးကို ဖမ်းဆီးရမိ

Jun 19 • 1:52 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Lotus's ကုန်တိုက်တွင် မုန့်ခိုးပြေးသည့် သျှမ်းရွှေ့ပြောင်းလူငယ် ၃ ဦးအနက် ၂ ဦးကို ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့လယ်ခေါင်ရှိ Lotus’s Go Fresh စူပါမားကတ်တွင် မုန့်နှင့် ကုန်ပစ္စည်းအချို့ ခိုးယူကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သည့် သျှမ်း (တိုင်းယိုင်...

ထိုင်းနိုင်ငံ ချင်းမိုင်မြို့လယ်ခေါင်ရှိ Lotus’s Go Fresh စူပါမားကတ်တွင် မုန့်နှင့် ကုန်ပစ္စည်းအချို့ ခိုးယူကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သည့် သျှမ်း (တိုင်းယိုင်) ရွှေ့ပြောင်းလူငယ် ၃ ဦးအနက် ၂ ဦးကို ချင်းမိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဇွန်လ ၁၈ ရက် သတင်းများအရ သိရသည်။ ဇွန်လ ၁၇ ရက် ညနေပိုင်းက အဆိုပါလူငယ်များသည် ဈေးဝယ်ဟန်ဆောင်ကာ ဆိုင်အတွင်းရှိ အစားအစာ၊ မုန့်များနှင့် ရေခဲမုန့်များကို ရွေးချယ်ပြီးနောက် ငွေမရှင်းဘဲ ဆိုင်ပြင်ပရှိ ဆိုင်ကယ်ဖြင့် အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။ ဆိုင်ဝန်ထမ်းများ၏ တိုင်ကြားချက်အရ ချင်းမိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့က လမ်းကြောင်းများကို ချက်ချင်းပိတ်ဆို့ရှာဖွေခဲ့ရာ ခိုးရာပါပစ္စည်းများနှင့်အတူ အသက် ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ် လူငယ် ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်လူငယ်တစ်ဦးမှာမူ ဆိုင်ကယ်ပေါ်မှ ခုန်ချကာ ဘုန်းကြီးကျောင်းအနီး၌ ခြေလျင်လွတ်မြောက်သွားခဲ့သည်။ ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ချင်းမိုင်တွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်နေသူများဖြစ်ပြီး ရရှိသည့်နေ့စားခမှာ စားဝတ်နေရေးအတွက် မလုံလောက်ဘဲ ငွေကြေးကျပ်တည်းလွန်းသဖြင့် ယခုကဲ့သို့ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ လက်ရှိတွင် ဖမ်းဆီးရမိသူ ၂ ဦးကို ချင်းမိုင်ရဲစခန်း၌ အမှုဖွင့်လှစ်ထားပြီး လွတ်မြောက်နေသူကို CCTV မှတ်တမ်းများမှတစ်ဆင့် ဆက်လက်ခြေရာခံလျက်ရှိကြောင်း သိရသည်။

news-view-count-icon

6