back

တရုတ်နိုင်ငံက ရှုံအန်း ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ်ကို ပထမဆုံးအကြိမ် လက်ခံကျင်းပမည်

Jun 19 • 1:38 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံက ရှုံအန်း ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ်ကို ပထမဆုံးအကြိမ် လက်ခံကျင်းပမည်

တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် ဆောင်းဦးရာသီတွင် ရှုံအန်း ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ်ကို ပထမဆုံးအကြိမ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ ပ...

တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် ဆောင်းဦးရာသီတွင် ရှုံအန်း ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ်ကို ပထမဆုံးအကြိမ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ ဇွန်လ ၁၇ ရက် သတင်းစာရှင်းလင်းပွဲအရ သိရသည်။ အဆိုပါ ဖိုရမ်ကို တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ရှုံအန်းဧရိယာသစ်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် တိုးတက်ကောင်းမွန်လာစေရေး နည်းလမ်းများကို နှီးနှောဖလှယ်ဆွေးနွေးရန် ဘက်အသီးသီးမှ ကိုယ်စားလှယ်များကို စုစည်းပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

news-view-count-icon

6