back

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ (၄၈) နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် ကြိုတင်သတိပြုရန် မိုးဇလသတိပေး

Jun 19 • 1:36 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ (၄၈) နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် ကြိုတင်သတိပြုရန် မိုးဇလသတိပေး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေသည် ဇွန်လ ၁၈ ရက် မွန်းတည့်ပိုင်း တိုင်းထွာချက်အရ မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁) ပေခွဲကျော်တွင် လည်...

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေသည် ဇွန်လ ၁၈ ရက် မွန်းတည့်ပိုင်း တိုင်းထွာချက်အရ မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁) ပေခွဲကျော်တွင် လည်းကောင်း၊ နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အောက် (၂) ပေခန့်တွင်လည်းကောင်း အသီးသီး ရောက်ရှိနေကြောင်း သိရသည်။ အဆိုပါ ချောင်းရေများသည် လာမည့် (၄၈) နာရီအတွင်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ ထို့ကြောင့် မိုးကောင်းမြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသူများအနေဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်သတိပြု နေထိုင်ကြရန်နှင့် ချောင်းရေမြင့်တက်လာပါက အချိန်မီ ရှောင်ရှားနိုင်ရန် မိုးဇလက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

22