back

ရှမ်းပြည်နယ် သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်ပြုပြင်နေ

Jun 19 • 1:34 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ် သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်ပြုပြင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်ပြုပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါစက်ရုံ လည်ပတ်မှုပြီးစီးသွားပါက တစ်လလျ...

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်ပြုပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါစက်ရုံ လည်ပတ်မှုပြီးစီးသွားပါက တစ်လလျှင် ကွန်ကရစ်ဇလီဖားတုံး ၆,၂၄၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ မန္တလေး-လားရှိုး ရထားလမ်းပိုင်း ပိုမိုတောင့်တင်းကြံ့ခိုင်စေရန်အတွက် လိုအပ်သည့်နေရာများတွင် အစားထိုးလဲလှယ် ဖြည့်တင်းသွားမည်ဖြစ်သည်။စက်ရုံအတွင်း ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်ဇလီဖား Mould နှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ခြင်း၊ ရထားလမ်း ပြုပြင်ခြင်း၊ Traverser ကရိန်းပြုပြင်ခြင်း၊ ကွန်ကရစ်ဖျော်စက် ပြုပြင်ခြင်းနှင့် ဓာတ်အားခွဲရုံပိုင်းဆိုင်ရာ ပြုပြင်ခြင်းလုပ်ငန်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

news-view-count-icon

19