back

တနင်္သာရီတိုင်းအတွင်း သံဃာတော်များ ကိုယ်တိုင်ကားမောင်းနှင်ခွင့် မပြုတော့ကြောင်း သံဃနာယကအဖွဲ့ တားမြစ်

Jun 18 • 6:48 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်းအတွင်း သံဃာတော်များ ကိုယ်တိုင်ကားမောင်းနှင်ခွင့် မပြုတော့ကြောင်း သံဃနာယကအဖွဲ့ တားမြစ်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များအား ကိုယ်တိုင်ကားမောင်းနှင်၍ သွားလာခြင်းမပြုရန် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် သံဃနာယကအဖွဲ့များက မေလကုန်နှင့် ဇ...

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များအား ကိုယ်တိုင်ကားမောင်းနှင်၍ သွားလာခြင်းမပြုရန် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် သံဃနာယကအဖွဲ့များက မေလကုန်နှင့် ဇွန်လဆန်းပိုင်းမှစတင်ကာ ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။ သံဃာတော်များ ကိုယ်တိုင်မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလာပါက ဥပဒေအရ အရေးယူဖြေရှင်းရန် ခက်ခဲခြင်း၊ အမြင်မတင့်တယ်ခြင်းနှင့် လိုင်စင်မဲ့ယာဉ်ကိစ္စရပ်များကြောင့် သာသနာရေးဦးစီးဌာန၏ လျှောက်ထားချက်အရ ယခုကဲ့သို့ တားမြစ်ရခြင်းဖြစ်ကြောင်း သိရသည်။ ဒေသခံများ၏အဆိုအရ နောက်ပိုင်းတွင် ဘုန်းကြီးကားတိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုများ ရှိခဲ့သလို ဆိုင်ကယ်မောင်းနှင်သည့် သံဃာနှင့် ကိုရင်များပါ ရှိလာကြောင်း ဆိုသည်။

news-view-count-icon

18