ယူအေအီး၊ရှာဂျာ (Sharjah) အခြေစိုက် အဆင့်မြင့်ကောင်စီဝင်နှင့် ရှာဂျာအုပ်ချုပ်ရေးမှူး Sheikh Dr Sultan bin Mohammed Al Qasimi က ရှာဂျာနှင့် ဒူဘိုင်း (Dubai) အကြား သွားလာနေကြသည့် မော်တော်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှု သက်သာစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုချောမွေ့စေရန်အတွက် စုစုပေါင်း ဒိုင်ဟမ် ၇၅၀ မီလီယံ (ကန်ဒေါ်လာ ၂၀၄ မီလီယံခန့်) တန်ဖိုးရှိ အဓိကလမ်းမကြီးများနှင့် အတွင်းလမ်းများ အဆင့်မြှင့်တင်မည့် စီမံကိန်းများကို ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ယခုစီမံကိန်းများအနက် အဓိကအပြောင်းအလဲတစ်ခုမှာ ကားမောင်းသူများအကြား အလွန်ယာဉ်ကြောကျပ်တည်းလှသည့် Al Taawun အဝိုင်း (Al Taawun Roundabout) အောက်တွင် ၄ လမ်းသွား ဥမင်လိုဏ်ခေါင်း (Dual-carriageway tunnel) အသစ်တစ်ခုကို တည်ဆောက်သွားမည် ဖြစ်သည်။ ၎င်းဥမင်လမ်းသည် ဒူဘိုင်းမြို့ Al Nahda တံတားအထိ တိုက်ရိုက်ဆက်သွယ်ပေးမည်ဖြစ်ပြီး Emirates Road နှင့် Sheikh Mohamed bin Zayed Road စသည့် အဝေးပြေးလမ်းမကြီးများသို့ပါ တိုက်ရိုက်ချိတ်ဆက်ပေးနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ဥမင်လိုဏ်ခေါင်းလုပ်ငန်းများ စတင်ရန်အတွက် အဝိုင်းအလယ်ရှိ အထိမ်းအမှတ်ကျောက်တိုင်ကို ယာယီဖယ်ရှားထားပြီး၊ လုပ်ငန်းပြီးစီးပါက မူလအတိုင်း ပြန်လည်စိုက်ထူသွားမည် ဖြစ်သည်။ထို့ပြင် အုပ်ချုပ်ရေးမှူးက Al Orooba လမ်းမကြီးမှတစ်ဆင့် ဒူဘိုင်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်မည့် ‘Al Noor Road’ လမ်းမကြီးသစ်ကိုလည်း လက်ရှိတွင် အပြိုင်အဆိုင် အဆင့်မြှင့်တင်လျက်ရှိပြီး ယခု ၂၀၂၆ ခုနှစ်ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ပေးနိုင်ရန် ရည်မှန်းထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဤစီမံကိန်းများ အပြည့်အဝပြီးစီးသွားပါက ဒေသခံများနှင့် ခရီးသွားများအတွက် အချိန်ကုန်သက်သာစေမည့်အပြင်၊ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် Sharjah Expo Centre သို့ တိုက်ရိုက်လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲ လွယ်ကူချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ယူအေအီးနိုင်ငံ၊ ရှာဂျာနှင့် ဒူဘိုင်းအကြား ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရန် ဒိုင်ဟမ် ၇၅၀ မီလီယံတန် လမ်းပန်းဆက်သွယ်ရေးစီမံကိန်းအသစ်များ ကြေညာ
Jun 18 • 6:47 AM
UAE
Local News
Share
| 6 | 0 | 0 | 0 |


